အကူအညီ
ဝယ်ယူနည်း
- Stethoscope ရွေးပါ — ဆိုင်အပေါ်ဆုံးက အမျိုးအစားခလုတ်လေးတွေကို နှိပ်ပြီး အလွယ်တကူ ခွဲရှာနိုင်ပါတယ်။
- “ခြင်းထဲထည့်မယ်” ကို နှိပ်ပါ။ နောက်တစ်ဆင့်မှာ stethoscope တစ်လက်ချင်းစီအတွက် အခမဲ့ နာမည်ထိုးဖို့နဲ့ အိတ် (case) အရောင် ရွေးနိုင်ပါတယ်။
- အော်ဒါတင်တဲ့အခါ — ဖုန်းနံပါတ်၊ ပို့ပေးရမယ့် လိပ်စာ၊ ဆက်သွယ်ရမယ့် နည်းလမ်းနဲ့ ငွေပေးချေမယ့် နည်းလမ်းကို ရွေးပေးပါ။
- အော်ဒါကို သင်နဲ့ အရင်အတည်ပြုပြီးမှ ပို့ပေးပါတယ်။ အဆင့်တိုင်းကို “အော်ဒါရှာရန်” မှာ ကြည့်နိုင်သလို Telegram ကနေလည်း စာပို့အကြောင်းကြားပေးပါတယ်။
✅ Stethoscope တိုင်းဟာ အမေရိကန်က တင်သွင်းထားတဲ့ Genuine 3M Littmann တွေ ဖြစ်ပါတယ်။
ပို့ဆောင်မှုနှင့် ငွေပေးချေမှု
- Royal Express နဲ့ မြို့ပေါင်း 190+ ကို အခမဲ့ ပို့ပေးပါတယ်။ ပုံမှန် 2–3 ရက်ကြာပြီး ဝေးတဲ့မြို့တွေဆိုရင် 5 ရက်ခန့် ကြာပါတယ်။
- ပစ္စည်းရောက်မှ ငွေချေ — ပစ္စည်းလက်ထဲရောက်မှ ငွေသားနဲ့ ပေးချေနိုင်ပါတယ်။
- ဒါမှမဟုတ် KBZPay နဲ့ ကြိုလွှဲပြီး အော်ဒါတင်တဲ့အခါ screenshot ထည့်ပေးနိုင်ပါတယ် —
KBZPay 09676966148 · Kaung Myat
- နာမည်ထိုးမယ်ဆိုရင် — 50% ကို KBZPay နဲ့ အရင်လွှဲပေးရပြီး ကျန် 50% ကို ပစ္စည်းရောက်မှ ပေးချေနိုင်ပါတယ်။
- ဒါမှမဟုတ် ရန်ကုန် (သို့) မန္တလေးဆိုင်မှာ ကိုယ်တိုင် လာယူနိုင်ပါတယ် — အော်ဒါတင်တဲ့အခါ ရွေးပေးပါ။
- ပစ္စည်းပြတ်နေလို့ “Pre-order” ပြနေရင် နောက်အသုတ်က ပုံမှန် 2 ပတ်ခန့်အတွင်း ပြန်ရောက်ပါတယ်။
အာမခံ
- Stethoscope တိုင်းမှာ ဆိုင်ရဲ့ အာမခံကတ် ပါဝင်ပါတယ်။
- Stethoscope ခေါင်း (chest piece) နဲ့ ပြွန်ကြိုး (listening tube) — 1 နှစ်။ တခြားအစိတ်အပိုင်းအားလုံး — 5 နှစ်။
- စက်ရုံထုတ်အမှား (factory fault) ပါလာရင် စောင့်စရာမလိုဘဲ လက်ရှိအသင့်ရှိတဲ့ထဲက အသစ်တစ်လက်နဲ့ ချက်ချင်း လဲပေးပါတယ်။
- သုံးစွဲရင်း ထိခိုက်ပျက်စီးတာတွေ (ပြုတ်ကျတာ၊ ကျိုးပဲ့တာ၊ ပြတ်ရှတာ) တော့ အာမခံထဲ မပါဝင်ပါဘူး။
- အာမခံလျှောက်ဖို့ stethoscope ခေါင်း (chest piece) ပေါ်က ကုဒ်နံပါတ်ကို ပြောပြပေးပါ — ဘယ်နားမှာလဲ မသေချာရင် ဓာတ်ပုံရိုက်ပို့ပေးပါ၊ ကြည့်ပေးပါမယ်။
ပြုပြင်ခြင်းနှင့် သန့်ရှင်းရေး
- တစ်သက်တာ အခမဲ့ အသေးစိတ် သန့်ရှင်းရေး (deep cleaning) လုပ်ပေးပါတယ်။
- တစ်သက်တာ ပြုပြင်ခ (လက်ခ) အခမဲ့ — အစိတ်အပိုင်းတွေကတော့ အပေါ်က အာမခံသက်တမ်းအတိုင်း အကျုံးဝင်ပါတယ်။
- သင့် stethoscope ပြင်နေတဲ့အချိန်အတွင်း သုံးဖို့ Littmann တစ်လက် အခမဲ့ ငှားပေးပါတယ်။
- LittSound Scope မှ ဝယ်ယူထားသော stethoscope များအတွက်သာ။
Point နှင့် သူငယ်ချင်းဖိတ်ရန်
- 1 point = ဆိုင်ရှိ မည်သည့်ပစ္စည်းမဆို 10,000 ကျပ် လျှော့ဈေး။
- Stethoscope တစ်လက် ဝယ်တိုင်း အော်ဒါအတည်ပြုပြီးတာနဲ့ 1 point ရပါတယ်။
- သင့်ကိုယ်ပိုင်လင့်ခ်ကို မျှဝေပါ — သူငယ်ချင်းက အဲ့ဒီလင့်ခ်ကနေ stethoscope မှာယူရင် သင်လည်း 1 point ရပါမယ်။ လင့်ခ်ကို “အကောင့်” မှာ ကြည့်နိုင်ပါတယ်။
ဆိုင်လိပ်စာများ
☎️ ဆိုင်ခန်းဖွင့်ထားတာ မဟုတ်ဘဲ အိမ်မှာ ပစ္စည်းထားတာဖြစ်လို့ လူကိုယ်တိုင်လာမယ်ဆို ဖုန်းကြိုဆက်ပေးပါနော်။
Mandalay64*38 ထောင့်
09445966575
Yangonလမ်းသစ်ရိပ်သာ condo မော်တင် လမ်းမတော်
09676966148
ဆက်သွယ်ရန်
အချိန်မရွေး ချက်ချင်း အဖြေရနိုင်ပါတယ်
🤖 Telegram မှာ assistant ကို မေးမယ်နေ့ရောညပါ စက္ကန့်ပိုင်းအတွင်း ဖြေပေးပါတယ်။ လူနဲ့ တိုက်ရိုက်ပြောချင်ရင်လည်း အထဲမှာ “Talk to a person” ကို အချိန်မရွေး နှိပ်နိုင်ပါတယ်။
လူနဲ့ တိုက်ရိုက်ပြောမယ်